ဖား​ဆောင်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်​ရေးနှင့် မူးယစ်ဆေးဝါအန္တရာယ်တားဆီးကာကွယ်​ရေးအသိပညာ​ပေး​ဟော​​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲပြုလုပ်

ဖား​ဆောင်း  ဇွန်  ၁၁

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်​ရေးနှင့်မူးယစ်​ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲကို ယမန်​နေ့ည​နေပိုင်းကဖား​ဆောင်းမြို့၊ ​မြောက်ပိုင်းရပ်ကွက်ရှိအ​ခြေခံပညာအထက်တန်း​ကျောင်း(ပညာရတနာခန်းမ)​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ​ဟော​ပြောပွဲတွင် ဖား​ဆောင်းမြို့ မရဲစခန်းမှဒုရဲမှူးစိုးလွင်က လူကုန်ကူးခြင်းမခံရ​အောင် အသိပညာ​ပေးခြင်း၊ လူကုန်ကူးခြင်းခံရသည့် အ​ကြောင်းအရာများနှင့် စပ်လျဥ်း၍​ အသိပညာ​ပေးခြင်းတို့အား ဟော​ပြောခဲ့ပြီး၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး​ဒေါ်နန်းသဲနု​အောင်က မူးယစ်​ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်​ဆေးဝါးသုံးစွဲမိပါကဖြစ်​ပေါ်လာနိုင်သည့် အ​ကြောင်းအရာများ၊ မူးယစ်​​ဆေးဝါး​ကြောင့် လူညွှန့်တုံးနိုင်သည့်အ​ကြောင်းအရာများ ကို​​ဟော​ပြောခဲ့သည်။

ထို့​နောက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ပြသထားရှိသည် လူကုန်ကူးခြင်းခံရသည့် အ​ကြောင်းအရာပါ နံရံကပ်စာ​စောင်၊ မူးယစ်​ဆေးဝါးအန္တရာယ် သိ​ကောင်းစရာနံရံကပ်စာ​စောင်နှင့်စာအုပ်၊ စာ​စောင်များကို​ ကျောင်းသား၊​ကျောင်းသူများက ကြည့်ရှုအား​ပေးခဲ့​ကြောင်းသိရ သည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)