သန်လျင်နာရေးကူညီမှုအသင်း၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အလှူငွေများ ပါဝင် လှူဒါန်းနိုင်

သန်လျင် ဇွန် ၁၁

သန်လျင်မြို့နယ်၊ နာရေးကူညီမှုအသင်းအောက်ဆီဂျင်စက်ရုံကို အများပြည်သူလိုအပ်ချက်အရ သန်လျင်အမိုးနီသုသာန်အနီးတွင် ယာယီတည်ဆောက်၍ ကျန်းမာရေးအတွက် လိုအပ်သော အောက်ဆီဂျင်များအားဆောင်ရွက်ပေးခဲ့သည်။

ယခုအခါ သန်လျင်အမိုးနီသုသာန်ဘေးတွင် မြို့နယ်နာရေးကူညီမှုအသင်းပိုင်မြေနေရာတွင် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ ဆောက် လုပ်လျက်ရှိပြီး ယာယီတည်ဆောက်ထားသော အမိုးနီသုသာန်အနီးမှ အသင်းပိုင်နေရာသို့ အောက်ဆီဂျင်စက်ကွန်တိန်နာအားပြောင်းရွှေ့ ၍ တည်ဆောက်လျက်ရှိသည်။ 

စက်ရုံပြောင်းရွှေ့စဉ် ကာလအတွင်း သန်လျင်မြို့သူမြို့သားများ၏ ကျန်းမာရေးအရလိုအပ်သော အောက်ဆီဂျင်ရရှိနှိုင်ရန် (၄၀)လီတာအလုံး(၂၀၀)အားကြိုတင်စုဆောင်းထားပြီး ဝန်ဆောင်မှုပေး လျက်ရှိသည်။

အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် သန်လျင်မြို့နယ် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ တာဝန်ယူခဲ့သောကွယ်လွန်သူ ဦးစိန်လွင်+ဒေါ်ဖြူဖြူခိုင်မိသားစုက အလှူငွေကျပ် သိန်း(၃၀၀)  မတည်လှူဒါန်းပေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်း၊ ကွန်ကရစ်လမ်းနှင့် အခြားပြင်ဆင်မှုလုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း(၁၀၀၀)ခန့်ဖြစ်ရာ ပါဝင်ကုသိုလ်ပြုလှူဒါန်းလိုကြ သောအလှူရှင်များအနေဖြင့် ဦးမောင်မောင်မြင့် ဖုန်း ၀၉၅၁၆၆၈၈၇၊ ဦးဌေးဝင်း ဖုန်း ၀၉၅၀၁၅၀၂၁၊ ဦးဖုန်းဇော် ဖုန်း ၀၉၅၁၀၂၀၁၈၊ မြို့နယ်နာကူရုံးအဖွဲ့ ဖုန်း ၀၉၇၉၉၄၅၂၀၃၃၊ ၀၉၇၉၉၄၅၂၀၃၄ တို့သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းနှင့် ကိုယ်တိုင်ကြွရောက်နိုင်ခြင်းမရှိပါက အိမ်တိုင်ရာရောက် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်နာရေးကူညီမှုအသင်းမှ သိရသည်။

ခရိုင်(ပြန်/ဆက်)