ရေတာရှည်မြို့နယ်၌ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများ ရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်

ရေတာရှည် ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် AIt GIS နည်းပညာအသုံးပြု၍ Census units များ ရပ်ကွက်အလိုက် ရေးဆွဲခြင်းလုပ်ငန်းများအား ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ ရေးဆွဲခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေတာရှည်မြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက် များအတွင်း Ait GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများရေးဆွဲခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ရုံးချုပ်)ပညာရှင်ဝန်ထမ်းများ၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူး ဦးမင်းညီညီထွန်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပူးပေါင်း၍ Computer/Laptop/ Mobile Tablet များဖြင့် သန်းခေါင်စာရင်းယူနစ် များရေးဆွဲခြင်း၊ စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး  ရပ်ကွက် ၈ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု  ၅၇၄၃  စု၊ ကျား/မဦးရေ  ၂၃၂၄၁ ဦး ရေးသွင်း အတည်ပြုပြီးဖြစ် သည်။

သန်းခေါင်စာရင်းယူနစ်များနှင့် မြေပုံများရေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ တောင်ငူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်သန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းတို့ က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)