ထန်းတပင်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များ (အခမဲ့)ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေးပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်းသုံးသောင်းငါးထောင်ကျော်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ပျိုးထောင်ထားရှိပြီး ပျိုးထောင်ထားသည့် ပျိုးပင်များကိုလည်း ယခုနှစ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ နေပြည်သူများကို(အခမဲ့)ဖြန့်ဝေ ပေးလျက်ရှိကြောင်းလည်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။