သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာပေချစ်သူများစာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆရာကြည်အောင်၏ ကဗျာပေါင်းချုပ်စာအုပ်မှ ခါတကောင်ခံ တပင်ကဗျာကိုဖတ်၍  တစ်ဦးနှင့်တစ်ဦးအတွေးအမြင်များ ဆွေးနွေးခဲ့သည်။

မံစီမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရေးသားပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြခံပညာအထက်တန်းကျောင်း(မံစီ)၌ ယမန်နေ့နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရေးသားပြိုင်ပွဲ ကျင်းပခဲ့သည်။ 

ပွင့်ဖြူမြို့နယ်၌ ပန်းမုံလာသီးနှံ ဈေးကောင်းရရှိ၍ တောင်သူများ အားထားစိုက်ပျိုးလုပ်ကိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပန်းမုံလာသီးနှံ ဈေးကောင်းရရှိနေ၍ ဒေသခံတောင်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကိုအမှီပြု၍ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းအား အားထားစိုက်ပျိုးလုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာအုပ်စုမှ ဒေသခံတောင်သူများထံက သိရသည်။

မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရွှေစက်တော် ဘုရားပွဲရာသီအမီ သမိုင်းဝင်ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော် ဘုရားပွဲတော်ရာသီအမီ မင်းဘူး(စကု)မြို့နယ်၏ သမိုင်းဝင် အထင်ကရစေတီတော် တစ်ဆူဖြစ်သော ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ခရီးသွားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။

ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါမဖြစ်စေရေးအတွက် Mask Campaign ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ် Community Centre ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ခြင်းများ ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် Community Centre ခန်းမတွင် မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ခြင်းများကို ယမန်နေ့ နေ့လည် (၁;၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့်ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် မြေပဲဖေါ်ချိန်  အငှားလိုက်ဆွတ်သူများ အပိုဝင်ငွေ ရရှိ၍ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မိုးဦးကာလက စိုက်ပျိုးထားသော သုံးလပင်ထောင် မြေပဲနှင့် လေးလ (ပင်ပြန့်ရောင်) မြေပဲများ ယခုကာလတွင် လှိုင်လှိုင်ထွက်ရှိနေချိန်ဖြစ်၍  မြေပဲအငှါးလိုက်ဆွတ်သူများ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။  
Subscribe to