တောင်ငူမြို့နယ် ဇီးဒိုင်ကျေးရွာအုပ်စု၊ ပဲပုတ်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

တောင်ငူ ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ဇီးဒိုင်ကျေးရွာအုပ်စု၊ ပဲပုတ်ကျေးရွာတွင် ယမန်နေ့နံနက် (၀၄:၂၀) အချိန်ခန့်က လူနေအိမ် (၂) လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဥ် (၁) စီး၊ ရေသယ်ယာဥ် (၁) စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၁၄) ဦးနှင့် ဒေသခံပြည်သူများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခြင်းများ ဆောင်ရွက်ရာ (၀၄:၂၉) နာရီ အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး (၀၄: ၃၅) နာရီအချိန်ခန့်တွင်  မီးအားငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုအကြောင်းအရင်းမှာ ပဲပုတ်ကျေးရွာနေ ဒေါ်ဝင်းရီ (ဘ) ဦးစိန်မောင်နေအိမ်တွင် တယ်လီဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းပြီး မီးလောင်မှုကြောင့် (၁၈၁၄) ပေ အုပ်ညှပ်၊ သွပ်မိုး (၂) ထပ်လူနေအိမ် (၁) လုံး၊ (၁၈၁၄) ပေ သွပ်မိုး၊ ပျဥ်ခင်း၊ ပျဥ်ကာ (၂)ထပ် လူနေအိမ် (၁)လုံး၊ မီးလောင်ကျွမ်း ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၈၅၀၀၀၀) ခန့် ဖြစ်ပါကြောင်းနှင့် မီးပေါ့ဆသူ ဒေါ်ဝင်းရီ (ဘ) ဦးစိန်မောင်အား တောင်ငူမြို့မရဲစခန်းမှ (ပ) /၂၀၂၃၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း တောင်ငူမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)