အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များသို့ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

မုံရွာ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များသို့ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က Grade-9 တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်း သိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်သဲမိုမိုစိုးက Grade-8နှင့် Grade-4 တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနေအောင်ဇော်က Grade-5နှင့် Grade-4 တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်သဲစုခိုင်က Grade-2နှင့် KG တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း အသီးသီး ပညာသင် ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့သည်။

ယင်းသို့‌ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရာတွင် အထက်တန်းကျောင်းသား (၈) ဦးအတွက် တစ်ဦးလျှင် ပညာသင်စရိတ် ငွေကျပ် တစ်သောင်းနှင့် ဗလာစာအုပ် တစ်ဒါဇင်ကို လည်းကောင်း၊ အလယ်တန်းကျောင်းသား (၇) ဦးနှင့် မူလတန်းကျောင်းသား (၁၆) ဦးအတွက် တစ်ဦးလျှင် ပညာသင်စရိတ်ငွေကျပ် ခုနစ်ထောင်နှင့် ဗလာစာအုပ် တစ်ဒါဇင်တို့ကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)