စက်သုံးဆီအ‌ရောင်းဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

မူဆယ်မြို့ အ.ထ.က ကျောင်းများတွင် (၁၀၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့  အ.ထ.က (၁)၊ (၂)၊ (၃) ကျောင်းများတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  (၁၀၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မဲစာရင်းကောက်ယူရာတွင် တိကျမှန်ကန်စေရေးအတွက် ပုံစံ (၆၆/၆)များအား အိမ်တိုင်ရာရောက် လိုက်လံစိစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်‌ရောက်

ကချင်ပြည်နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများကောက်ယူရာ၌ တိကျမှန်ကန်စေရေးအတွက် ပုံစံ (၆၆/၆) များအား အိမ်တိုင်ရာ ရောက် စနစ်တကျ လိုက်လံစိစစ်‌နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

တာချီလိတ်မြို့၌ အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော အသေးစားအလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယုမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်၌ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲပြုလုပ်

ပုလောမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဘားအံမြို့နယ်တွင် ပြည်သူ့လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား အခြေခံစားသောက်ကုန်များ ရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူ့လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့မွန်းလွဲပိုင်းက အမှတ် (၄) ရပ်ကွက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်း၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ပထမအကြိမ် မြန်မာ-ထိုင်း (ကော့သောင်း-ရနောင်း) နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (BLO) အစည်းအဝေးကျင်းပ

ပထမအကြိမ် မြန်မာ-ထိုင်း (ကော့သောင်း-ရနောင်း) နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office (BLO) အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ကော့သောင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပခဲ့သည်၊၊

သာပေါင်းမြို့နယ် အနှေးယာဉ်ဆိုက္ကားများ ရောင်ပြန်စတစ်ကာ တပ်ဆင်ထားရှိ လိုက်နာဆောင်ရွက်ရေး စစ်ဆေးကြပ်မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အနှေးယာဉ်ဆိုက္ကားများ ရောင်ပြန်စတစ်ကာ တပ်ဆင်ထားရှိလိုက်နာ ဆောင်ရွက်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လိုက်လံကြည့်ရှု စစ်ဆေးကြပ်မတ် ဆောင်ရွက်ကြသည်။
Subscribe to