တကောင်း ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ဒေသခံပြည်သူ များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန်လ (၇) ရက်နေ့နှင့် (၉) ရက်နေ့တို့တွင် သက်မှတ်စုရပ်များ၌ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင် ဉီးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများပူးပေါင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ရေးအချက် အလက်များ ရေးသွင်းခြင်းတို့ဆောင်ရွက်ကာ ဒေသခံပြည်သူ ကျား (၆၄) ဦး၊ မ (၈၉) ဦး စုစုပေါင်း (၁၅၃) ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိ နေသေးသော ဒေသခံပြည်သူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီရိ