မြန်အောင် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ရပ်ကွက်များအတွင်း မိုးရာသီ ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြန်အောင်မြို့ပေါ်ရပ်ကွက်(၆)ခုအတွင်းရှိ မြို့တွင်းလမ်းမများ ဘေးဝဲ/ယာ ရေစီးရေလာကောင်း မွန်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အုတ်ရေမြောင်းနှင့်မြေသား ရေနုတ်မြောင်းဖော်ခြင်း ပေ (၁၅၀၀၀)နှင့်စက်ဖြင့်ရေ မြောင်းတူးခြင်း ပေ(၂၀၀၀) ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်အောင်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးရဲစိုးထံမှ သိရသည်။
မြန်အောင်မြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှုမရှိစေရန် ဆောင်ရွက်ခြင်း၊ ပလပ်စတစ် သုံးစွဲမှုလျော့ချရေး စသည့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)