ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ  တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန်  ဇွန် ၁၀

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် LifePlus (Lujee Venture Capital Limited)မှ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများလှူဒါန်းပွဲကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင် LifePluse မှ Asstistant HR Manager ဒေါ်ဝင့်သိင်္ဂီထွန်းက လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျပ် ၃၅ သိန်းတန်ဖိုးရှိ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများကို လှူဒါန်းရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့အတူ  Sri Trang Ayeyar Rubber Industry Co., Ltd. မှလည်း  အလှူငွေ ကျပ် ၁ဝ သိန်း ကို ဘဏ်မှ တဆင့်ပေးပို့ လှူဒါန်းခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုးကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)