ထန်တပင်၌ သန်းခေါင်စာရင်းယူနစ် ဆောင်ရွက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ထန်းတပင်(ရန်ကုန်) ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် GIS နည်းပညာကိုအသုံးပြုကာ (Census Units) သန်းခေါင်စာရင်းယူနစ်များ ဆောင်ရွက်ခြင်း လုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးတွင် ဇွန်လ (၁၀) ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

GIS နည်းပညာအသုံးပြု၍ (Census Units) သန်းခေါင်စာရင်းယူနစ်များ ဆောင်ရွက်ရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများ၊ တိုင်းဒေသကြီးဦးစီးမှူးမှ တာဝန်ပေးအပ်ထားသည့် ဝန်ထမ်းများ၊ ထန်းတပင်မြို့နယ် ဦးစီး မှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့်ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် () ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများပူးပေါင်း၍ Laptopနှင့် Mobile Tablet များဖြင့် သန်းခေါင်စာရင်း ယူနစ်ထုတ်ယူခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဖြစ်သည့် (Census Units) သန်းခေါင်စာရင်း ယူနစ်များဆောင်ရွက်ခြင်း လုပ်ငန်းကို GIS နည်းပညာကိုအသုံးပြု၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဆောင်ရွက် နေမှု အခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်