ရသေ့တောင် ဇွန် ၁၁
ရခိုင်ပြည်နယ်စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပြန်လည် ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိနေသောဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဂိုဒေါင်ရှေ့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။
အဆိုပါထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအတွက် ထောက်ပံ့ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် အမိုးသွပ်၊တာပေါ်လင်လိတ်၊ ဆန်၊ ဆီခေါက်ဆွဲခြောက်များအား ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ လက်ခံရယူခဲ့ကြ ကြောင်း သိရသည်။
ဆက်လက်ပြီးဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ပြန်လည်ပြုပြင်ရန်လိုအပ်သော အမိုးသွပ်များ၊ တာပေါ်လင်လိတ်များနှင့် ဆွမ်းဆန်များအားကျောင်းများသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ဆက်)