ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာချန်ဖွမ်နှင့် မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့အား သီးခြားစီတွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းမျ

မြစ်ကြီးနား ဇွန် ၁၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာချန်ဖွမ်၊ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဖွဲ့ဝင်များအား ဇွန် ၁၀ ရက်နေ့တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သီးခြားစီတွေ့ဆုံ၍ ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံပြီး ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် မြစ်ကြီးနားခရိုင်၊ ကန်ပိုင်တည်နယ်စပ် ဂိတ်မှ တစ်ဆင့် ယူနန်ပြည်နယ်၊ ထိန်ချုံးခရိုင်၊ ဟိုဂျောင်နယ်စပ်ဂိတ်မှ တစ်ဆင့်လယ် ယာစိုက်ပျိုး ရေးထုတ်ကုန်များ တိုးမြှင့်ကုန်သွယ်နိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးများနှင့် နယ်စပ်ဂိတ်များ အဆင့်မြှင့်တင်နိုင်ရေး၊ IDPs စခန်းနေမိသားစုများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များတွင် ကူညီထောက်ပံ့ပေးမှုအခြေအနေများ၊ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေး ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာစေရေး ပွင်းလင်းရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်သံအမတ်ကြီးနှင့် အဖွဲ့ဝင်များအား ကချင်တိုင်းရင်း သားရိုးရာ အင်္ကျီ၊ စောင်ဓါး၊ လွယ်အိတ်နှင့် ခေါင်းပေါင်းတို့အား လက်ဆောင်ပေးအပ်ပြီး သံအမတ်ကြီးက အမှတ်တရလက်ဆောင်နှင့် ပြည်နယ်အတွင်းပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လှူဒါန်းငွေကျပ် ၅ သန်းပေးအပ်လှူဒါန်းမှုကို လက်ခံရယူခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်း ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမစ္စတာချန်ဖွမ်နှင့် ကိုယ်စားလှယ်အဖွဲ့တို့အား ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ မလိခခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြသည်။

ထို့သို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က အချင်းချင်း ရင်းနှီးနွေးထွေးစွာ အပြန်အလှန်မိတ်ဆက်ခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ကချင်ရိုးရာအဝတ် အထည်များကို အမှတ်တရလက်ဆောင်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံတို့၏ နယ်နိမိတ်ထိစပ်မှုသည် ပြည်နယ်အတွင်း (၆၁၃.၆၄) မိုင်ရှိပြီး အရှည်ဆုံးနယ်နိမိတ်ထိစပ်မှုပင် ဖြစ်ပါ ကြောင်း၊ ရေမြေတောတောင် ထိစပ်မှုရှိသည့်အပြင် ယဉ်ကျေးမှုချင်းလည်း ဆက်စပ်လျက်ရှိ သည့် အတွက် ဆွေမျိုးပေါက်ဖော်များပင် ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယူနန်ပြည်နယ်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှုကို အခြေခံ၍ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းတိုက်တွန်းပြောကြားသည်။

ထို့နောက် စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ကချင်ပြည်နယ်သည် အရေးပါသည့် နေရာတွင်ရှိသည့်အပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမို အားကောင်းခိုင်မာစေရေးအတွက် မိမိတို့အနေဖြင့် ကချင်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ် အေးချမ်းရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုအား ကောင်းခိုင်မာစေရေး ဝိုင်းမော်-ဝါးရှောင်-ဆဒုံး-ကန်ပိုင်တည် လမ်းပိုင်းအား အကြီးစားပြုပြင်ဆောင်ရွက်နိုင်ရေး၊ ဗန်းမော်ခရိုင်အတွင်း ယူနန်ပြည်နယ်၊ တယ်ဟုန် ပြည်နယ်ခွဲ၊ လုံချွမ်ခရိုင်နှင့် အဓိကကုန်သွယ်ရေးလမ်းဖြစ်သည့် မိုးမောက်-လွယ်ဂျယ်လမ်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တိုက်တွန်း ဆောင်ရွက်နိုင်ရေး၊ ကံပိုင်တည်နယ်စပ်ဂိတ်အား အဆင့်မြှင့် နိုင်ရေးနှင့် တရုတ်နိုင်ငံ၏ သွင်းကုန် စာရင်းတွင် မပါဝင်သေးသော မြန်မာ့လယ်ယာထွက်စိုက်ပျိုးရေး သီးနှံကုန်ပစ္စည်းများအား သွင်းကုန်စာရင်းတွင် ထည့်သွင်းလက်ခံနိုင်ရေး၊ ပညာ ရေး၊ ယဉ်ကျေးမှု၊ အသက်မွေးဝမ်းကျောင်းသင်ကြားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် စိုက်ပျိုးရေးဇုန်များ တည်ထောင်နိုင်ရေးနှင့် ပြည်နယ်မှ ဝန်ထမ်းများနှင့် တောင်သူများ တရုတ်နိုင်ငံစိုက်ကွင်းများအတွင်း လေ့လာခွင့်ပြုနိုင်ရေး၊ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့မှုများ ထပ်မံပေးနိုင်ရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်