ပုဗ္ဗသီရိ ဇွန် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ တပင်ရွှေထီးရပ်ကွက်၌ ပြည်သူများ စျေးနှုန်းသက်သာစွာ ဆီဝယ်ယူနိုင်ရေးအတွက်နေ ပြည်တော်ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့ နံနက်ပိုင်းက ဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံစားသုံးသူ ရေးရာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ရွှေမင်းသားဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ တပင်ရွှေထီး ရပ်ကွက်ရှိ အိမ်ထောင်စု ၁၂၀၀ အား တစ်အိမ်ထောင်လျှင် စားအုန်းဆီတစ်ပိဿာ ၄၂၀၀ ကျပ်နှုန်းဖြင့် စားအုန်းဆီ ၁၂၀၀ ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)