ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် (၁၇၀၀) စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ဆုတောင်းပြည့် ကျေးရွာအုပ်စု ဆုတောင်းပြည့်ကျေးရွာရှိ ကျွန်းတောစုကွင်းတွင် ကျွန်းပင်ပျိုးပင်ပေါင်း (၁၇၀၀) စိုက်ပျိုးခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် ဝါးဖြင့်ပြုလုပ်သော ကြက်အုပ်ဆောင်းနှင့်ကြက်မဝပ်ခြင်းများ ရောင်းအားကောင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်အား    ဆက်သွယ်ပေးထားသည့်  ကားလမ်းမပေါ်တွင် ဒေသတွင်းထွက်ရှိသည့် ဝါးပင်မှအိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းရောင်းချသည့် ဆိုင်များတွင် ဝါးဖြင့်ယက်လုပ်ထားသော ကြက်အုပ်ဆောင်း၊ကြက်ဝပ်ခြင်းများ အရောင်းသွက်လျက်ရှိကြောင်း ဝါးဖြင့် အသုံးအဆောင်ပစ္စည်းများပြုလုပ်ရောင်းချကြသော အရောင်းဆိုင်များထံမှ သိရသည်။

တောင်သာမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့် ဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်ဖြတ်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ ပူးပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အလက(ပါဆန်း)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှု မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်မှုဖြင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်အိမ် တက်ဆင်းစနစ်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campagin ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က မြို့မဈေးနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် Mask Campagin ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်ပွဲကို ဇွန်လ ၁၀ ရက်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

လားရှိုးတွင် ခရီးသွားပြည်သူများအဆင်ပြေစေရေး အဝေးပြေးယာဉ်လိုင်းဂိတ်အနီးရှိ ရေမြောင်းများသန့်ရှင်းရေးပြုလုပ်

လားရှိုးမြို့တွင် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေများစီးဆင်းမှုဖြစ်ပေါ်ကာ လမ်းပေါ်ရေတင်ခြင်း၊ နေအိမ်များအတွင်းသို့ ရေဝင်ရောက်ခြင်းများကြောင့် ရေလျှံမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေများအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊မီးနီဖြတ် မဆင်မခြင်မောင်းနှင်ခြင်း၊ သတ်မှတ်လမ်းကြောင်းမမောင်းခြင်း၊ အရှိန်ပြင်းမောင်းနှင်သည့် ယာဉ်မောင်းများအားပြစ်မှုများနှင့်သိရှိလိုက်နာရန် အချက်များအားမြို့နေပြည်သူများ သိရှိနိုင် စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် မြဝတီခရိုင် စုကလိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန စုကလိမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to