ညောင်ဦး ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု စံပြကျေးရွာ သို့ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေ အလှူတော်တာဝန်ရှိသူ ဦးဝင်းမင်းထွန်းထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု စံပြကျေးရွာအတွက် သောက်သုံးရေဂါလံ (၁၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဒီပါလင်း