တာလေ ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းများမှ ထုတ်ဝေသည့် ရုပ်ပုံပြပုံပြင်စာအုပ်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၂)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား အမှတ်တရဆုလက်ဆောင်နှင့်ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိကာ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)