အိမ်မဲ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍စာကြည့်တိုက်သို့မလာရောက်နိုင်သော ဝန်ထမ်းများအား စာဖတ်ခြင်း အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့နယ် သမဝါယမဦးစီးဌာနရုံး တွင် ယနေ့နံနက် ၉ နာရီတွင်သွားရောက်ငှားရမ်းပေးခဲ့သည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်စောသန္တာဦးနှင့် ဝန်ထမ်းများ က စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား စာပေနှင့် မဝေးကွာလိုစေရန်၊ အချိန်မကုန် မပင်ပန်းစေဘဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် စာပေ လေ့လာနိုင်ရေး တို့အတွက် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ် စာစောင်များငှားရမ်းပေးခြင်း ဖြစ်သည်။
ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ /ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)