ကံမ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျန်းမာရေးဝန်ထမ်းများသည် ဌာနဆိုင်ရာရုံးများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရုံး၊ ဌာန အဆောက်အဦများရှိ ရေလှောင်ကန်များ၊ ရေပီပါများ၊ ရေပုံးများ၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း၊ ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များစသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ပိုးလောက်လမ်းသေစေနိုင်သည့် အဘိတ် (Abate)ဆေး ခတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့် စာသင်ကျောင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စည်ပင်သာယာမြို့မဈေး၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦးများနှင့် ရပ်ကွက်များကိုလည်းဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)