ပေါင် ဇွန် ၁၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း၊ မျိုးသန့် တိုးပွားစေရန်နှင့် တစ်ဧကအထွက်နှုန်းတိုးပွားစေရန် ရည်ရည်၍ တောင်သူများအား အနီးကပ် စိုက်ပျိုးရေးစနစ်များကို အချိန်မီပညာပေးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက(၁၃၂၆၉၄)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက (၁၃၂၆၉၄) ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်းနှင့် ယခုလက်ရှိအချိန်တွင် ကြဲခင်းစိုက်ဧကအဖြစ် (၅၁၁၀၂)ဧကစိုက်ပျိုး ထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော စိုက်ဧကများအား စပါးများပျိုးထောင်ပြီး စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရန်အတွက် မြေဩဇာများကိုလည်း တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)