ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကလေးအလုပ်သမားပ​ပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၁) နာရီအချိန်က Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူနှင့် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာတို့က ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား ဖြစ်ပေါ်လာရသည့် အကြောင်းအရင်း ကလေးအလုပ်သမားများအတွက် ကာကွယ်ပေးထားသည့်ရပိုင်ခွင့်များ၊ ကလေးအလုပ်သမားများ ခိုင်းစေလျှင် ကျခံနိုင်မည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်နေမှုများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါအသိပညာပေး ဆွေးနွေးပွဲများ၊ Talk Show အစီအစဥ်များကို We Love Dagon Seikken Facebook Page နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် လစဥ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ