ဟုမ္မလင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးရာသီဖြစ်ပွားသောသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် ၅ အခြေခံပညာမူလတန်းကျောင်း၊ CCDC ပုဂ္ဂလိက ကျောင်းနှင့် နောင်ပကျစ်တောင်ပေါ် ရပ်ကွက်များ၌ ဆောင်ရွက်ကြောင်း သိရသည်။

ကလေးဝမြို့တွင် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဇွန်လ (၂၆) ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို နံနက် ၁၁ နာရီက အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးမှု ကွင်ဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု၊ ကြာဖူးကွင်း တောင်သူဦးစိုင်းအေထွမ်း၏ ယာမြေနေရာ၌ ရေဆင်း(၁)စပ်မျိုး မိုးနေကြာစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းကာ ကွင်းဆင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးမိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်၊ လှော်ကားကြိုးဝိုင်းအတွင်း ကျင်းပရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျွန်းပင်နှင့်အစိုးရအဖွဲ့ ဝန်ကြီးများက မဟော်ဂနီပင်၊ပျဉ်းက တိုးပင်၊ ကံ့ကော်ပင်နှင့် ခရေပင်များကို စိုက်ပျိုးကြသည်။

ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (ချိကယ်)ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်

ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ချိကယ်)တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ(၆၈) ဦး ကောက်ယူပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်ရုံး ဝန်ထမ်းများက လယ်ဝေးမြို့နယ် နောင်ဘို၊ ကြောင်ရေနှင့် ရှားချောင်းကျေးရွာများတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ယမန်နေ့ က ဆက်လက်ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း အမှတ်စဉ် ၉/၂၀၂၃ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ် ၉/၂၀၂၃ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီ ကောလိပ်ရှိ ပဉ္စဗလဘက်စုံသုံး ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

မိုင်းရယ်မြို့ လူထုအအခြေပြုဗဟိုဌာန၌ လူငယ်နှင့်အားကစားသိကောင်းစရာများကို အသိပညာပေးဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြုလုပ်သည့် လူငယ်နှင့်အားကစားသိကောင်းစရာ အသိပညာပေးဆွေးနွေးခြင်း talk show ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုခန်းမ၌ ပြုလုပ်သည်။
Subscribe to