ပလောက်မြို့တွင် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် ကော်ဖီပင်များထောက်ပံ့ပေးအပ်

ပလောက်  ဇွန်  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကျောက်တောင်‌ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် ကော်ဖီပင်များအားအကျိုးဆောင်တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဦးမြမောင်မှ အရည်အသွေးပြည့်မီသော စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းအား နည်းပညာ ပေးဆွေးနွေးခြင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးဌာနမှူး ဦးသက်လွင်မှ မိုးစပါးစိုက်ဧက ပြည့်မီကျော်လွန်စေရေးဆွေးနွေးပေးခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူ ဦးသော်ဇင်ထွန်းမှ မိုးစပါးမျိုးစေ့ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် တစ်ဧကတင်း(၁၀၀)အထက်ထွက်ရှိရေးနည်းလမ်းများကိုဆွေးနွေးပေးခဲ့ပြီး မိုးစပါးမျိုးစေ့နှင့် ကော်ဖီပင်များအားထောက်ပံ့ပေးအပ်ခဲ့ရာ အကျိုးဆောင်တောင်သူ (၃၁) ဦးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

နှင်းမြူလွင်