တောင်သာမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များဖြန့်ဝေ

တောင်သာ  ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့် ဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်အရင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်(ဆောင်းပါး)၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ (၂၆-၆-၂၀၂၂) ရက်နေ့ထုတ် ကြေမုံသတင်းစာမှ နုခန့်ယဉ် (ရစ်ကန်ကြီး)၏ မူးယစ်ဆေးဝါး တို့ရှောင်ရှား(ကဗျာ)၊ ကာတွန်းနှင့် ဆောင်ပုဒ်များပါရှိကြောင်း သိရသည်။       

ကျော်မျိုးနိုင်(တောင်သာ)