ပန်းတနော် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ဆုတောင်းပြည့် ကျေးရွာအုပ်စု ဆုတောင်းပြည့်ကျေးရွာရှိ ကျွန်းတောစုကွင်းတွင် ကျွန်းပင်ပျိုးပင်ပေါင်း (၁၇၀၀) စိုက်ပျိုးခဲ့သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အဖွဲ့ဝင် (၂) ဦးသိန်းဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးမင်းအေးချမ်းဇွန်၊ မြို့နယ်တာဝန်ခံ တောအုပ် ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းသူ ကျောင်းသားများ စုစုပေါင်းအင်အား (၅၀၀)ဦးခန့်တို့က ရတနာတန်းဝင် ကျွန်းပင် ပျိုးပင်ပေါင်း (၁၇၀၀) ပင်အား ပျော်ရွှင်စွာဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)