ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ (၁၀၂၇) ဦးရှိပြီး အောင်မြင်သူ (၇၃၈)ဦးရှိသည့်အနက် ဂုဏ်ထူးဖြင့် အောင်မြင်သူ (၃၁၀)ဦးရှိရာ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စုမှ မြို့နယ်ဂုဏ်ဆောင် (၆)ဘာသာဂုဏ်ထူးရှင် မောင်ဟိန်းသူအောင်ထံသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်မှ ယနေ့နံနက်(၉)နာရီတွင် သွားရောက်ပြီး ယခုကဲ့သို့ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။