ဇမ္ဗူသီရိမြို့နယ်၌ စာပေစကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်များကို စာပေဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် အသုံးပြုတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ စာပေစကားဝိုင်းကို ယနေ့နံနက်ပိုင်းက ဉာဏသိဒ္ဓိရပ်ကွက်၊ ကမ်းလက်များ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကရင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေ(၂၀၂၃)ခုနှစ်အား ပြုစုထားရှိပြီးဖြစ်၍ ဥပဒေနှင့်အညီ ငါးလုပ်ငန်းစီမံခန့်ခွဲမှုများကို ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ကြသည့်အနေဖြင့် ငါးသယံဇာတထိန်းသိမ်းရေး  အသိပညာပေး  လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ပျဉ်းမနားမြို့၌ အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဆေးထိုးစုရပ်များ၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ ဒေသထွက် ငရုပ်သီးများစျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်ငရုပ်သီးများ စျေးကောင်းရ၍ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဝမ်ကတ်ကျေးရွာမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူဦးစိုင်းဟန်ခေးထံမှ သိရသည်။

မိုင်းငေါ့မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (Talk Show) ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းတွင် ၂၀၂၃ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (Talk Show ) ကို ယ‌နေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျွန်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ ကျွန်းလှ ဇွန် ၁၂ မျိုးဝင်းညို
Subscribe to