ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်

ကျိုက်လတ် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်ပွဲကို ဇွန်လ ၁၀ ရက်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က  ပညာရေးဆိုတာဟာ လူ့အဖွဲ့အစည်း တစ်ခုရဲ့ အသိပညာအလေ့အထများ ဓလေ့ထုံးတမ်းများ၊   လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ အသိပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စနစ်ကျသော လုပ်ငန်းစဉ်ဖြစ်ကြောင်း ဝန်ထမ်းများ၏ သား၊ သမီးများအား ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ပညာသင်စရိတ်များ ထောက်ပံ့ ပေးရခြင်းဖြစ်ကြောင်း၊ ပညာရေးမှာထူးချွန် ထက်မြက် သည့် ပညာတတ်များဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သားသမီး (၈၂)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ ပေးအပ်ကြသည်။ ထို့နောက် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ ဖြစ်ကြသော ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃)ဘာသာ ဂုဏ်ထူးရှင်အား ပညာသင် ထောက်ပံ့ငွေ (၁၅၀၀၀၀)ကျပ်၊ အဆင့်မြင့် ပညာ တက်ရောက်မည့် ဝန်ထမ်းသား၊ သမီး (၁၇)ဦးအား တစ်ဦးလျှင် ပညာသင်ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား၊‌ ကျောင်းသူ (၁၇)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်(၁၇)အုပ်နှင့် ပညာသင်ထောက်ပံ့ငွေ 5(၂၀၀၀၀)ကျပ်၊ အလယ်တန်း အဆင့် ကျောင်းသား၊‌ ကျောင်းသူ(၁၇)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်(၁၇)အုပ်နှင့် ပညာသင်ထောက်ပံ့ငွေ(၁၅၀၀၀)ကျပ်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးအား တစ်ဦးလျှင် ဗလာစာအုပ် (၁၅)အုပ်နှင့် ပညာသင်ထောက်ပံ့ငွေ (၁၀၀၀၀)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းသားသမီးများအတွက် ထောက်ပံ့ငွေကျပ် (၁၅၂၅၀၀၀)နှင့် စာရေး ကိရိယာပစ္စည်း တန်ဖိုးငွေကျပ် (၅၂၅၀၀၀)၊ စုစုပေါင်း(၂၀၅၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)