ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

ကျောက်မဲ ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝန်ထမ်းများ လုပ်ရည်ကိုင်ရည်များ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က ငွေရပြေစာရေးသားထုတ်ပေးခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဝန်ထမ်းများကရငွေများ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် စာရင်းရေးသွင်းခြင်းများကို အသီးသီးဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးဝန်ထမ်းများက တစ်လလျှင် နှစ်ကြိမ်နှုန်း လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)