ဒေးဒရဲမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဒေးဒရဲ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှု မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်မှုဖြင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်အိမ် တက်ဆင်းစနစ်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင်  ပြည်သူများပါဝင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးတာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ခြင်များ ခိုအောင်းနိုင်သည့် အမှိုက်နှင့် ချုံနွယ်များ ရှင်းလင်းခြင်း၊ ခြင်များ ပေါက်ပွားနိုင်သည့်ဘူးခွံ၊ ခွက်နှင့် တာယာအဟောင်းခွံများအား ဖယ်ရှားခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ပေးခြင်းနှင့် ရေစည်၊ ရေအိုးများ၊ ရေသိုလှောင်ကန်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေး အဘိတ်ဆေးခတ်ပေးခြင်းများကို တစ်မြို့နယ်လုံးအတိုင်း အတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း