ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေများအကြောင်း အသိပညာပေး Talk Show ပြုလုပ်

စုကလိ ဇွန် ၁၂

ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊မီးနီဖြတ် မဆင်မခြင်မောင်းနှင်ခြင်း၊ သတ်မှတ်လမ်းကြောင်းမမောင်းခြင်း၊ အရှိန်ပြင်းမောင်းနှင်သည့် ယာဉ်မောင်းများအားပြစ်မှုများနှင့်သိရှိလိုက်နာရန် အချက်များအားမြို့နေပြည်သူများ သိရှိနိုင် စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် မြဝတီခရိုင် စုကလိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန စုကလိမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန စုကလိမြို့ရုံးမှ ရုပ်သံကျွမ်းကျင်(၃) အင်အားပြ ဉီးကိုကိုအောင်ကယာဉ်မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်းဖောက်ဖျက်၍ မီးနီဖြတ်မောင်းခြင်း သတ်မှတ်မိုင်နှုန်းထက် ပို၍မောင်းနှင်ခြင်း၊ အဝေးပြေးလမ်းများတွင် ယာဉ်စည်းကမ်းမဲ့ စွာမောင်းနှင်ခြင်းတို့တွင် သတ်မှတ်ထားသည့် ဉပဒေများအကြောင်းအား လည်းကောင်း၊ အငယ်တန်းစာရေးအင်အားပြ ဒေါ်စိုးမို့မို့ဌေးက ယာဥ်မောင်းများအနေဖြင့် မြို့တွင်း၌သတ်မှတ်ထားသည့် ယာဥ်စည်းကမ်းများ တစ်လမ်းမောင်းစနစ် ယာဥ်မောင်းသူတွင် ပါရှိရမည့် ယာဥ်လိုင်စင်၊မော်တော်ယာဉ်လိုင်စင်များပါမပါစစ်ဆေးခြင်း၊ယာဉ်နံပါတ်များ အတုတပ်ဆင်မောင်းနှင်လျှင် ထောင်ဒဏ်(၃)လ၊ဒဏ်ငွေ ၁သိန်းထက်မနည်း ကျခံရမည်ဖြစ်သည်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ ပြစ်မှု၊ ပြစ်ဒဏ်(၁၃၈)ချက်တို့အား အပြန်အလှန်ဆွေးနွေးပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် အသိပညာပေး Talk Show များအား စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုပိုအောင်