ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီဈေးကောင်းသဖြင့် လက်ဝယ်ကြက်သွန်နီရှိသည့် တောင်သူများ အဆင်ပြေ

ကျောက်ဆည်  ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီတစ်ပိဿာ ငွေကျပ်(၂၂၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် လက်ဝယ်ကြက်သွန်နီရှိသည့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီသီးနှံစိုက်ပျိုးမည်ဆိုပါက မျိုးစေ့များကို သီးခြားပျိုးထောင်ရပြီး ပြောင်းရွေ့စိုက်ပျိုးရာတွင် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေအမျိုးအစားအလိုက် မြေဘောင်အကြီးအသေးများပြုလုပ်ပြီး စိုက်ပျိုးရကြောင်းကြက်သွန်နီစိုက်ပျိုးရာတွင် သွင်းအားစုကုန်ကျစရိတ်နှင့် အရင်းအနှီများပြီး ထွက်နှုန်းအနေဖြင့် ရာသီဥတုနှင့် အပင်အပြုအစုအပေါ်မူတည်၍ (၂၅၀၀)ပိဿာမှ(၄၀၀၀)ပိဿာအထိ ထွက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ကြက်သွန်နီသီးနှံများကို တပိုတွဲ၊အပေါင်းလများတွင် စတင်တူးဖော် ရောင်းချကြကြောင်း လက်ရှိအချိန်တွင် ကြက်သွန်နီတစ်ပိဿာငွေကျပ်(၂၂၀၀)ကျပ် ရောင်းချရသဖြင့် လက်ဝယ်ကြက်သွန်နီ လှောင်ထားနိုင်သည့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကုန်းကြီးကျေးရွာ မှ ကြက်သွန်နီစိုက်တောင်သူ ဦးသန်းဇော်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)