လပွတ္တာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေး တောင်သူများနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး

လပွတ္တာ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် အတွင်းရှိကျေးရွာများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး (၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေးအတွက် တောင်သူများနှင့်တွေဆုံ အသိပညာပေးဆွေးနွေးပွဲများကို ယနေ့နံနက်ပိုင်းတွင် ဘီတွတ်ကျေးရွာအုပ်စု ဘုရားလေးပိုင်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးအောင်က (၁)ဧကလျှင် (၁၀)တင်းနှုန်း အထွက်တိုးပါက တောင်သူများအတွက်လည်း အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးစေရေးအတွက် သွင်းအားစုများ ထုတ်ပေးလျက် ရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များ ရှာဖွေပေးပြီး လိုအပ်သော နည်းပညာများဖြင့်လည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမှုနည်းစနစ်မှန်ကန်ပြီး တောင်သူများအနေဖြင့် ဂရုတစိုက် အားထည့်၍ စိုက်ပျိုးပေးစေလိုကြောင်း၊ တစ်ဧက ၁၀ တင်းနှုန်း ပိုမိုတိုးတက်ရေးအတွက် မြေဆီလွှာ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးသွားရန်၊ ဓာတ်မြေဩဇာများကို စနစ်တကျ ထည့်သွင်းသုံးစွဲပေးရန်၊ ကြဲခင်းမှ စိုက်ခင်းသို့ စိုက်စနစ် ပြောင်းလဲကြရန် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တောင်သူရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တောင်သူ (၉၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်