လောင်းလုံးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များဖြန့်ဝေ

လောင်းလုံး ဇွန် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့နေ့လယ်(၁၂) နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို လောင်းလုံးမြို့ပေါ် ရှိ ဌာနဆိုင်ရာများရုံးနှင့် ကျောင်းများတွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များတွင် မူးယစ်ဆေးဝါး အန္တရာယ် အမျိုးသားရေး အသွင်တိုက်ဖျက်ဆောင်းပါးများ၊ ထိထိရောက်ရောက်ရှာဖွေဖော်ထုတ် မိန့်ခွန်းကောက်နုတ်ချက် များ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား၊ အမျိုးသား မူးယစ်ဆေးတိုက်ဖျက်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့်အချက်များ၊ ကဗျာ၊ကာတွန်းနှင့် ဆောင်ပုဒ်စသော အကြောင်းအရာများပါဝင်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)