ဟုမ္မလင်း ဇွန် ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက နောင်ပကျစ်တောင်ပေါ်ရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဟုမ္မလင်းရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ မူလွန်ကျောင်းတို့ရှိ ကျောင်းသား/သူလေးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်၊ မူးယစ်ကိုပစ် ပန်းတိုင်သစ်၊ စိတ်သစ် လူသစ် ဘဝသစ်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်း၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒ စသည့် အကြောင်းအရာများ ပါရှိသည်။
ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိနိုင်စေရန် နေ့ကြီးနေ့မြတ်များတွင် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေး Talk Show များ ပြုလုပ်ဆောင်ရွက်ခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)