အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

အမာ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီအချိန်က မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်လေးလီယန်မှ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်ရေးအကြောင်း၊ ‘‘အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒခေါင်းစဥ်ဖြင့်” မူးယစ်ဆေးဝါး ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး​အကြောင်း၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေးအကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အကြောင်း ဆွေးနွေးပေးခဲ့ပြီး၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဥ်သိန်းမှ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များအကြောင်းနှင့် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ အကြောင်း အသီးသီးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင်(အမာ ပြန်/ဆက်)