အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ချောင်းဦး   ဇွန်   ၁၃

မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ်ရုံးမှ ဝန်ထမ်းများ သည် လာမည့် ဇွန်လ ၂၆ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များအား ဇွန် ၁၂ရက် ၁၃ရက် နံနက်ပိုင်း အချိန်များတွင် ချောင်းဦး အထက၊ စည်ပင်သာယာစျေးအတွင်းနှင့် ရုံးဌာနများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူငယ်များအား မူးယစ်ဆေးဝါးပြဿနာ၏ အရေးကြီးပုံ၊ အရေးပါပုံ၊ အန္တရာယ်ကြီးမားပုံများ သိရှိနိုင်စေရန်ရေးသားဖော်ပြထားသည့် သတင်းစကား လက်ကမ်းစာစောင်အား လူငယ်များသို့ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ ဇွန်၁၂ ရက်နေ့ မနက်ပိုင်းတွင် ချောင်းဦး အထက နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများသို့လည်းကောင်း၊ ဇွန်၁၃ရက် မနက်ပိုင်းတွင် စျေးသွားစျေးလာနှင့် စည်ကားနေသည့် မြို့နယ်စည်ပင်သာယာစျေးရှေ့၌လည်းကောင်း ကျောင်းသားကျောင်းသူ၊ ပြည်သူနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမြင့်သောင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ပြီး ချောင်းဦးအထကတွင် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်သွားရန် စီစဥ်ထားကြောင်း သိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)