နတ်မောက်မြို့၌ ပလတ်စတစ်ညစ်ညမ်းမှုအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပလတ်စစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ် အခြေပြုဗဟိုဌာနတွင် တိုင်းရင်းဆေးပညာနှင့် ရာသီတုပ်ကွေးအကြောင်းဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ တိုင်းရင်းဆေးပညာနှင့် ရာသီတုပ်ကွေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ်အတွင်းရှိတောင်သူများ  ပဲတီစိမ်းများစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် ပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိပြီး အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။

အရာတော်မြို့၌ တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ရန် တန်ဖိုးသင့်အခြေခံ စားသောက်ကုန်များကို ယမန်နေ့ နံနက် ၁၁ နာရီက မြန်မာ့စီးပွားရေးဘဏ်အနီးတွင် ရောင်းချပေးလျက်ရှိသည်။

နတ်မောက်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

တမူးမြို့နယ်၌ မိုးဦးကာလတွင် သဘာဝအလျောက်ထွက်ရှိသော အင်ဥ(မှိုလုံး)များ ရှာဖွေ ရောင်းချခြင်းဖြင့်မိသားစု အပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်းနှင့် တွဲဖက်ပြီး မိုးဦးကာလတွင် သဘာဝအလျောက် ထွက်ရှိသော အင်ဥ ဒေသအခေါ် (မှိုလုံး) များ ရှာဖွေရောင်းချခြင်းဖြင့် ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၃-၃၀၂၄ ပညာသင်နှစ် ဝန်ထမ်း သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များမှ မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များမှ ငွေဆောင်မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ရှင်းလင်းမှု အား ယနေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ဇွန်လ (၁၅)ရက်နေ့ နံနက် (၈)နာရီအချိန်က အေးချမ်းဝေစည် ဘုန်းတော်ကြီးကျောင်းတိုက်ဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ တောင်သူ၊ လယ်သမားများအား စပါးမျိုးစေ့ချကရိယာ(12/8 Rows Seedder)ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် တောင်သူလယ်သမားများအား စပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ရန် စပါးမျိုးစေ့ချကရိယာ(12/8 Rows Seeder)ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုက်လှကျေးရွာအတွင်းရှိ ကွင်းအမှတ် ၆၈၅(ခ) ဦးမြင့်အောင်နှင့်ဦးစန်းဝင်းတို့လယ်တွင်ကျင်းပသည်။
Subscribe to