သံတွဲမြို့နယ် ယာဉ်မတော်တဆမှု လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးသရုပ်ပြပွဲဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေး အသိပညာပေးသရုပ်ပြခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် မဇင်နှင့် မြပြင်ရပ်ကွက်တို့၌ ပြုလုပ်ခဲ့သည်။

ဂွမြို့တွင် ဂွချောင်းတံတားဖွင့်ပွဲနှင့် ပတ်သက်၍ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဂွချောင်းတံတားဖွင့်ပွဲပတ်သက်၍ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခတ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်က မိုင်းခတ်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် မိုးစပါး (၅၂၈၁၇) ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဧရာမင်းစပါး (၄၁၀၀၀) ဧက၊ မနောသုခ (၈၀၀၀) ဧက၊ ရွှေမနော် (၃၀၀၀) နှင့် ဆင်းသုခ (၈၁၇) ဧက စုစုပေါင်း မိုးစပါး (၅၂၈၁၇) ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

လင်းခေး၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

၂၀၂၂ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း ပတ္တမြား ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

မင်းတုန်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ရာ ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်ငြိမ်းအိအိလှိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံသမိုင်း၊ အမျိုးသားအောင်ပွဲ့နေ့ ဦးတည်ချက်များနှင့် ပညာရေးမျှော်မှန်းချက်များ ဟောပြောခဲ့သည်။

လယ်ဝေးမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည်။

နောင်ချိုမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားခန်းမဆောင်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

တကောင်းမြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့တွင် ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်သည့်  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများဆောင်ရွက်ခြင်းကို နိုဝင်ဘာလ (၁၆)ရက်နေ့တွင် မြို့မ (အ.လ.က)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to