နတ်မောက်မြို့နယ်အတွင်းရှိတောင်သူများ  ပဲတီစိမ်းများစိုက်ပျိုး

နတ်မောက်  ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် ပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိပြီး အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။

ပဲတီစိမ်းများစိုက်ပျိုးရာတွင် အတန်းလိုက်ဂျောင်းစနစ်ဖြင့် စိုက်ပျိုးကြပြီး အပင်ပေါက်ဖြစ်လာပါက နွားရှဉ်းဖြင့် ဂျောင်းတိုက်ခြင်း၊ မှုန်းခြင်းများဆောင်ရွက်ရကြောင်း အပွင့်မပွင့်မီနှင့် အပွင့်ပွင့်၊ သီးကင်း လိုက်ချိန်တွင် ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အားဆေးများပတ်ဖြန်းရကြောင်း၊ ယခုနှစ်တွင် တောင်သူများက မျိုးကောင်းမျိုးသန့် ပဲတီစိမ်းများကို အဓိကစိုက်ပျိုးကြကြောင်း သိရသည်။

မိုးဦးမှာပဲတီစိမ်းစိုက်ပျိုးကြသလို မိုးနှောင်းမှာလည်း စိုက်ပျိုးသွားမှာပါ၊ ပဲတီစိမ်းများဟာ () လ သက်တမ်း ရှိရင် ရင့်မှည့်ပြီး ပဲတီစိမ်းတောင့် အခြောက်တွေကို ကောက်သိမ်းလို့ရပါပြီ၊ အခုတော့ အပင်သက်တမ်း () လကျော် ရှိနေပါပြီဟု  ကြုအိုင်ကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးသူ မသီတာဆွေထံမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးရန် ဧက စုစုပေါင်း ၄၂၆၃၆ လျာထားပြီး ၂၅၄၁ ဧကစိုက်ပျိုး ပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

မူမူစန်း