ဝေါမြို့နယ်၌ မိုးရာသီစုပေါင်း ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ မိုးရာသီဒီရေတောစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က လက်ပံကျေးရွာ ပဲခူးစစ်တောင်းတူးမြောင်းဘေးတွင် ကျင်းပခဲ့သည်။