စလင်း ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော ဝန်ထမ်းများ၏ သား၊ သမီးကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက အသီးသီးပညာသင် ထောက်ပံ့ကြေးများနှင့် ကျောင်းဝတ်စုံ အဖြူအစိမ်း၊ ဘောပင်၊ စာအုပ်များကို ထောက်ပံ့ပေးအပ်ရာ KG တန်း မှ Grade-3 အထိ ၃၆ ဦးတို့အား အဖြူအစိမ်းကျောင်း ဝတ်စုံတစ်စုံစီ၊ Grade-4 မှ Grade-5 အထိ ၁၄ ဦးတို့အား အဖြူအစိမ်းကျောင်းဝတ်စုံတစ်စုံစီနှင့် ဘောပင်နှင့် စာအုပ်များ၊ Grade-6 မှ Grade-9 အထိ ၁၆ ဦးတို့အား စာအုပ် ၆ အုပ်နှင့် ၅၀၀၀ ကျပ် စီ၊ Grade-10 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့အား စာအုပ် ၆ အုပ်စီနှင့် ထောက်ပံ့ငွေကျပ် ၁၀၀၀၀ ကျပ်စီ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၇၈ ဦးတို့အတွက် တန်ဖိုးငွေကျပ် (၇၈၉၂၅၀)သိန်းတို့အား ပေးအပ် ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်၊စလင်းမြို့