ချောင်းဆုံမြို့နယ် အခြေပြုဗဟိုဌာနတွင် တိုင်းရင်းဆေးပညာနှင့် ရာသီတုပ်ကွေးအကြောင်းဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ချောင်းဆုံ ဇွန် ၁၅

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ တိုင်းရင်းဆေးပညာနှင့် ရာသီတုပ်ကွေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြီး မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်က ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသည့်ကာလများနှင့် ဖြစ်ပွားသည့်အကြောင်းအရင်း၊ သွေးလွန်တုပ်ကွေးရောဂါ၏ ရှေ့ပြေးရောဂါ လက္ခဏာအစပျိုးချိန် ရောဂါကာကွယ်တားဆီးရေးနှင့် တိုင်းရင်းဆေးကုထုံးကုသနည်း စသည့်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)