နတ်မောက် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်ကကလေးများအတွက် အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဥာဏ်ရည်ဥာဏ်သွေးများဖွံ့ဖြိုးလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် မြို့ပေါ်ကျောင်းများရှိ ကျောင်းသား/သူများအား စာစီစာကုံး၊ပန်းချီပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသွားမည်ဖြစ်၍ ကျောင်းသား/သူများဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် ဒု-မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများအား ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာကျောင်းများရှိ ဆရာ/မများက ပြိုင်ပွဲစည်းကမ်းချက်များနှင့် မိမိတို့ကျောင်းများရှိ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိင်မည့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲဝင် စာရင်းများကို တင်ပြဆွေးနွေးခဲ့သည်။ အဆိုပါပြိုင်ပွဲများကို ဇွန်လ(၂၁)ရက်နှင့် (၂၂)ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပြီး၊ နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်များကိုလည်း ပြသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာန ဦးစီးအရာရှိထံက သိရသည်။
လှဝင်း