အရာတော်မြို့၌ တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

အရာတော် ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ရန် တန်ဖိုးသင့်အခြေခံ စားသောက်ကုန် များကို ယမန်နေ့ နံနက် ၁၁ နာရီက မြန်မာ့စီးပွားရေးဘဏ်အနီးတွင် ရောင်းချပေးလျက်ရှိသည်။

ထိုသို့တန်ဖိုးသင့် စားသောက်ကုန်များရောင်းချရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန်() ပြည်၊ ကြက်ဥ () လုံး  စုစုပေါင်း () မျိုးကို ငွေကျပ်သုံးထောင်ကျပ် နှုန်းဖြင့် ဗုဒ္ဓဟူးနေ့တိုင်း ရောင်းချပေးလျက်ရှိရာ အိမ်ထောင်စု (၁၈၀)စုကို ရောင်းချခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်