နတ်မောက်မြို့၌ ပလတ်စတစ်ညစ်ညမ်းမှုအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

နတ်မောက် ဇွန် ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပလတ်စစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင်ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က   ၂၀၁၉ခုနှစ်တွင် အဏ္ဏဝါပင်လယ်ပြင်အတွင်း ပလတ်စတစ်အမှိုက်များရောက်ရှိကာ ကမ္ဘာ့နိုင်ငံများအနက်   မြန်မာနိုင်ငံသည် အဆင့် ၃၀ ဖြစ်ပြီး ၂၀၂၁-ခုနှစ်တွင် အဏ္ဏဝါအမှိုက်သရိုက်များ၏ ၈၅ ရာခိုင်မှုန်းမှာ ပလတ်စတစ်ထုတ်လုပ်မှုသုံးစွဲမှုနှင့် စွန့်ပစ်မှုရေနေဂေဟစနစ်အတွင်းသို့ ဝင်ရောက်ခြင်းကြောင့် အဏ္ဏဝါ သက်ရှိသတ္တဝါများမှာ အစားအစာအဖြစ် မှားယွင်းစားသုံးခြင်းစသည့်အကြောင်းအရာများကို ဆွေးနွေးခြင်းနှင့် ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က ပလတ်စတစ်ပစ္စည်းများ အဏ္ဏဝါပတ်ဝန်းကျင်ကိုသာမက အမှိုက်များကိုမီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှု၊ ပလတ်စတစ်ပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ အစာကွင်းဆက်ထဲရောက်ရှိနိုင်သဖြင့် အဏ္ဏဝါသက်ရှိနှင့် လူသားများ ကျန်းမာရေးထိခိုက်နိုင်ခြင်းစသည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်းရိုက်ကူး၍ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန We Love Natmauk  Page နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Page များတွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန် တင်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။

လှဝင်း