ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အ.ထ.က(သုံးဆယ်) ပီမိုးနင်းခန်းမတွင် ကျင်းပရာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သာယာဝတီမြို့နယ် အထက်တန်း၊အလယ်တန်း၊မူလတန်း ကျောင်းအုပ်ကြီးများနှင့်ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။