အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသိနာရုံကျောင်းတိုက်မှ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော် ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးသို့ အိန္တိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသနာရုံကျောင်းတိုက်မှ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့်တပည်တကာ တကာမများသည် ယနေ့နေ့လယ် (၁) နာရီက ဦးရာဇ်တော် စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုခဲ့သည်။

တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ရှေးဟောင်းသမိုင်းဝင် ရှင်မအောင်သာကျောက်တိုင်ရိုးရာ ကပွဲကြီး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ရှေးဟောင်းသမိုင်းဝင် ရှင်မအောင်သာ ကျောက်တိုင်နှင့်ပြည့်ရှင်မင်းများအား ရိုးရာအစဉ်အလာမပျက်ရိုးရာကပွဲကြီးကို (၇)ရက် သား/သမီးအလှူ ရှင်များစုပေါင်း၍ (၇)ရက်သားသမီးများနှင့် ဝေနေယျသတ္တဝါအပေါင်းတို့ ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၅ နာရီခွဲအချိန်က ၎င်းရှင်မအောင်သာကျောင်းတိုင် နတ်ကွန်းအတွင်း ကျင်းပပြုလုပ်ရာ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်အုပ် ချုပ်ရေးမှူးဦးကျော်သက်ထူးနှင့် ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကျောင်းသား/ကျောင်းသူများ လူအများရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်နှီးကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကျောင်းသား/ကျောင်းသူများ လူအများရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်နှီးကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)က ဆရာချစ်နိုင် (စိတ်ပညာ)၏ အောင်မြင်ဖို့အချိန် စာအုပ်အားစာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာ ပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်း ခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်းတည်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးပူးပေါင်းအဖွဲ့က လမ်းဆုံလမ်းခွများနှင့် မြို့အဝင်နေရာများတွင် ယနေ့နံနက်ပိုင်းက ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကြက်ခြေနီတို့ ပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီအချိန်က ကမမောင်းမြို့ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်ခြင်းများကို လူစီကားရာနေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်‌ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် စားသုံးဆီတစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်၍ စားသုံးဆီ တစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွက်သစ်ရပ်ကွက်၊ ဝိသာခါလမ်းတွင် ရောင်းချခဲ့သည်။
Subscribe to