ဝေါ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် တောင်သူလယ်သမားများအား စပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ရန် စပါးမျိုးစေ့ချကရိယာ(12/8 Rows Seeder)ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုက်လှကျေးရွာအတွင်းရှိ ကွင်းအမှတ် ၆၈၅(ခ) ဦးမြင့်အောင်နှင့်ဦးစန်းဝင်းတို့လယ်တွင်ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်မိုးလွင်က စပါးမျိုးစေ့ချကရိယာ(12/8 Rows Seeder)ဖြင့် စိုက်ပျိုးနည်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စပါးမျိုးစေ့ချကရိယာ (12/8 Rows Seeder)ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပြသကြသည်။
အဆိုပါ လက်တွေ့သရုပ်ပြစိုက်ပျိုးပြသပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသီဟထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျိုက်လှကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူလယ်သမား တက်ရောက်လေ့လာကြကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)