တောင်ကုတ်မြို့၌ Youth Club လူငယ်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ အောင်သင်း၏ နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကြက်ဟင်း ခါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး တစ်ပိသာ ၂၀၀၀ ကျပ်ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာ တောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကြက်ဟင်းခါးစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းနေပြီး နှစ်ရက်တစ်ကြိမ်ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေအဆင်ပြေနေကြကြောင်းသိရသည်။

ကံမမြို့နယ် ကျွန်းကလေးကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက ကျွန်းကလေးကျေးရွာအုပ်စုမှ တောင်သူ(၁၀၇)တို့၏ မိုးစပါးစိုက်ဧက (၃၁၉)ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် အသင်းအဖွဲ့များပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ လူငယ်နှင့်ကျန်းမာရေး အသိပညာပေး Talk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်နှင့်ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်၌ အ​ပြည်​​ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအလယ်တန်းကျောင်း (ဘန့်ဘွေးကုန်း)၌ ယနေ့နံနက် ၉ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့၌ ဆန်၊ ဆီနှင့်အခြားစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့်အခြားစား သောက်ကုန်များကို ပြင်ပစျေးနှုန်းများထက်လျော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဇွန် ၁၄ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင်ငလျင်​ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး (Talk Show) ဆောင်ရွက်

 စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ငလျင်​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး (Talk Show) ကို ယမန်နေ့ည​နေပိုင်း အချိန်က ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ကျွန်းပင်စင်ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to